back

ရေခဲမှတ်နားနီးလာသည့်ဒေသ(၁၀)ခုရှိလာ၍ ရန်ကုန်နှင့်ဒေသ(၈)ခု ညပိုအေးလာမည်

Dec 27 • 3:18 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရေခဲမှတ်နားနီးလာသည့်ဒေသ(၁၀)ခုရှိလာ၍ ရန်ကုန်နှင့်ဒေသ(၈)ခု ညပိုအေးလာမည်

ရေခဲမှတ်နားနီးလာတဲ့ ဒေသ(၁၀)ခုရှိလာပြီး ရန်ကုန်နဲ့ဒေသ(၈)ခု ညပိုအေးလာဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှုဦးစီးဌာနမှ သိရပါတယ်။ရေခဲမှတ်နီးတဲ့ဒေသတွေကတော...

ရေခဲမှတ်နားနီးလာတဲ့ ဒေသ(၁၀)ခုရှိလာပြီး ရန်ကုန်နဲ့ဒေသ(၈)ခု ညပိုအေးလာဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှုဦးစီးဌာနမှ သိရပါတယ်။ရေခဲမှတ်နီးတဲ့ဒေသတွေကတော့ ဟားခါးမြို့မှာ ၂.၃ ဒီဂရီဆဲလ်စီးယပ်၊ လွိုင်လင်မြို့တို့မှာ ၄.၂ ဒီဂရီဆဲလ်စီးယပ်၊ တီးတိန်မြို့ ၅.၃ ဒီဂရီဆဲလ်စီးယပ်၊ နမ့်စန်မြို့(ရှမ်းပြည်နယ်တောင်ပိုင်း) မှာ ၅.၆ ဒီဂရီဆဲလ်စီးယပ်၊ မိုင်းယန်းမြို့မှာ ၆.၀ ဒီဂရီဆဲလ်စီးယပ်၊ ပင်လောင်းမြို့မှာ ၆.၂ ဒီဂရီဆဲလ်စီးယပ်၊ ဟဲဟိုးမြို့မှာ ၆.၅ ဒီဂရီဆဲလ်စီးယပ်၊ လားရှိုးမြို့မှာ ၈.၈ ဒီဂရီဆဲလ်စီးယပ်၊ ပြင်ဦးလွင်မြို့မှာ ၉.၃ ဒီဂရီဆဲလ်စီးယပ်နဲ့ တောင်ကြီးမြို့မှာ ၉.၈ ဒီဂရီဆဲလ်စီးယပ်တို့ ရှိခဲ့ပါတယ်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် တို့မှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်တယ်လို့ သိရပါတယ်။


news-view-count-icon

40