မြန်မာနိုင်ငံမှာ Subclade Kရောဂါပိုးလိုပြင်းထန်ရာသီတုပ်ကွေးကူးစက်လာပါက ပြည်သူ့ဆေးရုံတွေမှာအထူးကြပ်မတ်ကုသနိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။လတ်တလောမှာတော့မြန်မာနိုင်ငံမှာ Influenza A H3N2 တုပ်ကွေးကူးစက်မှုရှိသော်လည်း ပြင်းထန်ရာသီတုပ်ကွေးရောဂါ ဖြစ်တဲ့ Subclade Kရောဂါပိုးကူးစက်မှုမရှိသေးဘူးလို့ဆိုပါတယ်။ပြင်းထန်တုပ်ကွေးရောဂါလက္ခဏာတွေတွေ့ပါက ကုသနိုင်ဖို့ ပြည်သူ့ဆေးရုံတွေမှာ တုပ်ကွေးကုသဆေးတွေနဲ့ကုသနိုင်ဖို့နဲ့အထူးကြပ်မတ်ကုသနိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်မြတ်ဝဏ္ဏစိုးက တုပ်ကွေးရောဂါစောင့်ကြည့်ရေး ညှိနှိုင်းအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။Subclade Kပြင်းထန်တုပ်ကွေးရောဂါမှာတွေ့ရတဲ့လက္ခဏာတွေကတော့ (၁)အသက်ရူရခက်တာ၊အသက်ရူရတာမဝတာ၊ အလွန်မြန်တာ၊အသက်ရူလျှင်မောဟိုက်တာ၊(၂)ရင်ဘတ်အောင့်၊ရင်ဘတ်တင်းကြပ်၊ရူထုတ်လျှင်နာကျင်တာ၊(၃) ချောင်းဆိုးလျှင်သလိပ်ထဲသွေးပါတာ၊အဝါရောင်အစိမ်းရောင်သလိပ်များအလွန်ထွက်တာ၊(၄) အဖျားလုံးဝမကျ၊ အဖျားပြန်တက်တာ(အထူးသဖြင့်အဖျားကျပြီးမှ ပြန်တက်တာ)၊(၅)အဖျားကြီးပြီးတက်တာ၊သတိလစ်တာ၊(၆) ကလေးငယ်တွေမှာ အသက်ရူလျှင်ရင်ဘတ်ချိုင့်ဝင်တာ(အသက်ရူရတာခက်ခဲတာကြောင့် နံရိုးကြား ချိုင့်တဲ့အထိ ရူရတယ်)၊(၇) အစာနဲ့ရေကို လုံးဝမစားသောက်နိုင်ခြင်းတို့ဖြစ်ပေါ်နိုင် တယ်လို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာသန်းနိုင်စိုးက ရေးသားဖော်ပြထားပါတယ်။



