ခရစ္စတယ်ပဲလေ့စ် (Crystal Palace) အသင်းကို သမိုင်းဝင်အောင်မြင်မှုများ ရရှိအောင် ဦးဆောင်ပေးခဲ့တဲ့နည်းပြဖြစ်သူ အိုလီဗာဂတ်စနာ (Oliver Glasner)ဟာ ယခုဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်းသိရပါတယ်။အသက် ၅၁ နှစ်အရွယ် သြစတြီးယားလူမျိုး နည်းပြဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပဲလေ့စ်အသင်းကို စတင်ရောက်ရှိလာခဲ့သူဖြစ်ပြီး အက်ဖ်အေဖလား (FA Cup) နှင့်ကွန်မြူနတီဒိုင်း (Community Shield) ဆုဖလားများကို ရယူနိုင်ခဲ့ပါတယ်။ဂတ်စနာရဲ့ နည်းဗျူဟာပိုင်း ကျွမ်းကျင်မှုနှင့် ရလဒ်ကောင်းများကြောင့် လက်ရှိမှာ ဥရောပထိပ်သီး အသင်းကြီးအချို့က နည်းပြသစ်အဖြစ် ခန့်အပ်ရန် စိတ်ဝင်စားနေကြပြီး ခေါ်ယူရန် မျက်စိကျနေကြပါတယ်။ဂတ်စနာကတော့ လက်ရှိအချိန်မှာတော့ ကျွန်တော့်ရဲ့ အာရုံစိုက်မှုအားလုံးဟာ ပဲလေ့စ်အသင်းရဲ့ လက်ကျန်ရာသီ ပွဲစဉ်တွေမှာ အကောင်းဆုံး ရလဒ်ထွက်ပေါ်လာဖို့အတွက်ပဲ ဖြစ်ပါတယ်" ဟု ပြောထားပါတယ်။



