back

ရှမ်းပြည်၊တာချီလိတ်မြို့၌ ဒီဇင်ဘာလ (စတုတ္ထပတ်) လူထုစု‌ပေါင်းလမ်းလျှောက်ပွဲကို ကျင်းပ

Dec 27 • 2:16 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်၊တာချီလိတ်မြို့၌ ဒီဇင်ဘာလ (စတုတ္ထပတ်) လူထုစု‌ပေါင်းလမ်းလျှောက်ပွဲကို ကျင်းပ

‎ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဒီဇင်ဘာလ (စတုတ္ထပတ်) လူထုစု‌ပေါင်း လမ်းလျှောက်ပွဲ နောက်ဆုံးပတ်အ‌နေဖြင့် ယနေ့ နံနက် ၅ နာရီ ၁၅ မိနစ်က ရှမ်းရိုးမကွင...

‎ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဒီဇင်ဘာလ (စတုတ္ထပတ်) လူထုစု‌ပေါင်း လမ်းလျှောက်ပွဲ နောက်ဆုံးပတ်အ‌နေဖြင့် ယနေ့ နံနက် ၅ နာရီ ၁၅ မိနစ်က ရှမ်းရိုးမကွင်းရှေ့ စုရပ်မှ စတင်ကာ စုပေါင်းလမ်းလျှောက်ကြသည်။‎စုပေါင်းလမ်းလျှောက်ပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်‌ဝေသုံနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသနေပြည်သူများက ရှမ်းရိုးမ ကွင်းရှေ့စုရပ်မှ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မြို့မအားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ကာ ကိုယ်လက်ကြံ့ခိုင်ရေး အတွဲ (၁)၊ အတွဲ (၂)လေ့ကျင့်ခန်းများ တပျော်တပါး ပျော်ရွှင်စွာ စုပေါင်း ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများအား ကောက်ညှင်း ပေါင်းနှင့် အကြော်များ ဝေငှခဲ့ကြပါတယ်။


news-view-count-icon

34