back

မြန်မာ့ဂုဏ်ဆောင်ချင်းဖိုက်တာလေးဂျိုရှူအာဗန်ဟာ (Fight Of The Year) Breakout Fighter Of The Year ဆုကိုရရှိခဲ့

Dec 27 • 1:57 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာ့ဂုဏ်ဆောင်ချင်းဖိုက်တာလေးဂျိုရှူအာဗန်ဟာ (Fight Of The Year) Breakout Fighter Of The Year ဆုကိုရရှိခဲ့

မြန်မာ MMA ဖိုက်တာ ဂျိုရှူအာဗန်သည် ကမ္ဘာကျော်အားကစားရုပ်သံလိုင်း ESPN က ချီးမြှင့်သည့် ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးMMA ပွဲဆု ((Fight Of The Year) နှင့်၂၀၂၅ ခုနှ...

မြန်မာ MMA ဖိုက်တာ ဂျိုရှူအာဗန်သည် ကမ္ဘာကျော်အားကစားရုပ်သံလိုင်း ESPN က ချီးမြှင့်သည့် ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးMMA ပွဲဆု ((Fight Of The Year) နှင့်၂၀၂၅ ခုနှစ်အတွက်Breakout Fighter Of The Year ဆုများကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။၂၀၂၅ ခုနှစ် အတွက်အကောင်းဆုံးMMA ပွဲဆု ((Fight Of The Year) အား UFC - 317 တွင် ဂျိုရှူအာဗန်နှင့်အမေရိကန်ဖိုက်တာ ဘရန်ဒန်မွိုင်ဗယ်တို့ ထိုးသတ်ခဲ့သည့်ပွဲကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ချင်းတိုင်းရင်းသား ဂျိုရှူအာဗန်သည် MMA UFC အဖွဲ့အစည်းမှ ပေးအပ်ချီးမြှင့်သည့် အကောင်းဆုံးပွဲ ငါးပွဲကို ရွေးချယ်ထုတ်ပြန်ခဲ့ရာ ဂျိုရှူအာဗန်နှင့်ဘရန်ဒန်ရွိုင်ဗယ်တို့ ထိုးသတ်ခဲ့သည့်ပွဲကို ထိပ်ဆုံးအဖြစ် သတ်မှတ်ခဲ့သည်။ဂျိုရှူအာဗန်အနေဖြင့် ကမ္ဘာ့ MMAဆုချီးမြှင့်မည့်ပြိုင်ပွဲတွင်လည်းဆန်ခါတင်စာရင်းထဲတွင် ပါဝင်လျက်ရှိကြောင်း သိရသည်။



news-view-count-icon

61