back

ရန်ကုန်တိုင်းရုံးအနီး လက်လုပ်မိုင်း ပေါက်ကွဲမှုမှ ကျူးလွန်သူ နှစ်ဦး ဖမ်းမိ

Dec 26 • 1:31 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းရုံးအနီး လက်လုပ်မိုင်း ပေါက်ကွဲမှုမှ ကျူးလွန်သူ နှစ်ဦး ဖမ်းမိ

ဒီဇင်ဘာ ၂၁ ရက်နေ့ ည ၇ နာရီကျော်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက် ပန်းဆိုးတန်းလမ်း၊ တိုက် ၈၄ နဲ့ ၈၆ ကြား ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံး အနီးမှာ လက်လုပ်မိုင်းက...

ဒီဇင်ဘာ ၂၁ ရက်နေ့ ည ၇ နာရီကျော်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက် ပန်းဆိုးတန်းလမ်း၊ တိုက် ၈၄ နဲ့ ၈၆ ကြား ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံး အနီးမှာ လက်လုပ်မိုင်းကို အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲ ဖျက်ဆီးခဲ့တာကြောင့် လမ်းဘေးမှာ ရပ်တန့်ထားတဲ့ မော်တော်ယာဉ်တစ်စီးရဲ့ ဝဲ/ယာဘက် မှန်တံ ခါး ၄ ချပ် နဲ့ ယာဘက်ခြမ်းတံခါးတွေမှာ မိုင်းပေါက်ကွဲစတွေ ထိမှန်၍ ပျက်စီးဆုံးရှုံးခဲ့တာ ဖြစ်ပါ တယ်။မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှာ ကျူးလွန်သူတွေဟာ တောင်ဒဂုံမြို့နယ်၊ ၁၀၅ ရပ်ကွက်၊ စွယ်တော်လမ်းမှာ နေထိုင်တဲ့ ကြည်ကြည်ရွှေ (၃၇နှစ်)နှင့် အခင်းဖြစ်ရပ်မှာ လိုက်ပါလာတဲ့ ၎င်း၏သားဖြစ်သူ မောင်လင်းလတ်ဟိန်း တို့ နှစ်ယောက်ကို ဒီဇင်ဘာ ၂၄ ရက်၊ မွန်း လွဲ ၂ နာရီလောက်မှာ သူတို့ရဲ့ နေအိမ်မှာ သက်သေခံ ပစ္စည်းတွေနဲ့ အတူ ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


news-view-count-icon

18