ယခင်တစ်ပတ်ကအထိ (၂၅၀၀)ကျပ်နှင့်အထက် ဈေးရှိခဲ့ရာမှ ယနေ့ဈေးနှုန်းအပြောင်းအလဲတွင် (၂၅၀၀)ကျပ် အောက်သို့ ဈေးဆက်လက်ကျဆင်းလာခြင်းဖြစ်သည်။ဈေးနှုန်းအပြောင်းအလဲနှင့်ပတ်သက်၍ အရောင်းအ၀ယ်ပေါ်သက်ရောက်မှုတစ်စုံတစ်ရာမရှိဘဲ၊ မှန်အတိုင်းဘဲ အရောင်းအ၀ယ်ဖြစ်နေကြောင်း မန္တလေးစက်သုံးဆီ လုပ်ငန်းရှင်အသိုက်အ၀န်းသတင်းများက ဆိုသည်။၂ နှစ်ကျော်ခန့် တစ်လီတာလျှင် ကျပ်သုံးထောင်ကျော်ဈေးဖြစ်ခဲ့သည့်၊ ပြည်တွင်းစက်သုံးဆီ (ဓာတ်ဆီ)ဈေး သည် ပြီးခဲဲ့သည့်ဇူလိုင်လဒုတိယပတ်ခန့်ကစ၍ သုံးထောင်ကျပ်အောက် ဆင်းခဲ့ပြီး၊ ယနေ့တွင် (၂၅၀၀)ကျပ် အောက်အထိ ဈေးဆက်လက်ကျဆင်းလာသည်။


