ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ဆာကဲအိုပြည်နယ် ကလောင်ပန်ရွာရှိ အရပ်သားနေအိမ်များသို့ ယမန်နေ့ ကျရောက်သော ခရစ္စမတ်နေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားစစ်တပ်က BM-21 ဒုံးကျည်အစင်း ၄၀ ကျော်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ထိုင်းသတင်းများ၌ ဖော်ပြသည်။တိုက်ခိုက်မှုကြောင့် စစ်ဘက်မဟုတ်သော နေအိမ်များ၊ လမ်းများ၊ အများပြည်သူသုံးပစ္စည်းများ၊ လယ်ယာမြေများနှင့် စိုက်ပျိုးမြေများ ပျက်စီးခဲ့ကြောင်း သိရသည်။အမှတ် ၁ စစ်ဒေသက ယင်းတိုက်ခိုက်မှုသည် ပဋိပက္ခကို လျှော့ချရန် ရည်ရွယ်ချက်မရှိကြောင်းနှင့် နိုင်ငံတကာ လူသားချင်း စာနာမှုဥပဒေနှင့် လူ့အခွင့်အရေးမူများကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခြင်းဖြစ်ပြီး အပြစ်မဲ့အရပ်သားများ၏ အသက်နှင့် ပိုင်ဆိုင်မှုကို ပြင်းထန်စွာထိခိုက်စေကြောင်း ပြောကြားခဲ့ပြီး ကမ္ဘောဒီးယားကို လူသိရှင်ကြား ရှုတ်ချခဲ့သည်။



