Opta ရဲ့စူပါကွန်ပြူတာက လက်ရှိရာသီပရီးမီးယားလိဂ်မှာ ဗီလာအသင်း ချန်ပီယံ ဖြစ်နိုင်ခြေ ၅ ဒဿမ ၃ ရာခိုင်နှုန်းရှိတယ်လို့ခန့်မှန်းခဲ့ပါတယ်။ဗီလာက ၁၉၈၁ ခုနှစ်မှာ အမှတ်ပေးပြိုင်ပွဲချန်ပီယံဆု (ယခု ပရီးမီးယားလိဂ်)ကိုနောက်ဆုံးအကြိမ်
ပိုင်ဆိုင်ထားတာပါ။ ပရီးမီးယားလိဂ်ခေတ်ရောက်လာချိန်မှာ ဗီလာက အလယ်အလတ်အဆင့်သာရှိခဲ့ပေမယ့် နည်းပြအူနိုင်းအမ်မရီ ရောက်လာပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့် ရတဲ့အထိအမြင့်ပျံခဲ့တယ်။အခုချန်ပီယံမျှော်လင့်ချက် ရှိအောင်အူနိုင်းအမ်မရီထပ်ပြီးဖန်ဆင်းပြထားပါတယ်။ဗီလာအသင်းက လက်ရှိအချိန်မှာပရီးမီးယားလိဂ်အမှတ်ပေးဇယားဉီးဆောင်သူအာဆင်နယ်နဲ့
ရမှတ်သုံးမှတ်သာကွာဟနေပါတယ်။


