back

ဒီဇင်ဘာနှစ်သစ်ကူးပိတ်ရက်ရှည်အတွင်း ပုဂံခရီးသွားမည့်သူအချို့ လက်မှတ် နှင့် ဟိုတယ်ဘွတ်ကင်ပြန်ရောင်းချမှုရှိလာ

Dec 26 • 2:08 AM

breaking-news

မြန်မာ

မန္တလေး

cover

ဒီဇင်ဘာနှစ်သစ်ကူးပိတ်ရက်ရှည်အတွင်း ပုဂံခရီးသွားမည့်သူအချို့ လက်မှတ် နှင့် ဟိုတယ်ဘွတ်ကင်ပြန်ရောင်းချမှုရှိလာ

၂၀၂၅ ခုနှစ်၊ နှစ်သစ်ကူးပိတ်ရက်ရှည်အတွင်း ပုဂံသို့ သွားရောက်လည်ပတ်ရန် ကြိုတင်ပြင်ဆင်ထားသူအချို့သည် ဒေသတွင်း လုံခြုံရေးစိုးရိမ်မှုများကြောင့် ကားလက်မှတ်နှင့် ဟိုတ...

၂၀၂၅ ခုနှစ်၊ နှစ်သစ်ကူးပိတ်ရက်ရှည်အတွင်း ပုဂံသို့ သွားရောက်လည်ပတ်ရန် ကြိုတင်ပြင်ဆင်ထားသူအချို့သည် ဒေသတွင်း လုံခြုံရေးစိုးရိမ်မှုများကြောင့် ကားလက်မှတ်နှင့် ဟိုတယ်ဘွတ်ကင်များကို လူမှုကွန်ရက်တွင် ပြန်လည်ရောင်းချမှုများ ပြုလုပ်လာကြသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ပုဂံ-ချောက်လမ်းပိုင်းရှိ စေတနာကြီးဘုရားအနီး ပြန်ပေးဆွဲငွေညှစ်ခံရမှု သတင်းများနှင့် ဒီဇင်ဘာ ၂၃ ရက်က ပုပ္ပါးသို့သွားသည့် ဇနီးမောင်နှံနှစ်ဦး ပျောက်ဆုံးမှုများ ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ ခရီးစဉ်ဖျက်သိမ်းမှုများ ရှိလာခြင်းဖြစ်သည်။ ဒေသခံသတင်းပြန်ကြားသူများက ပုဂံသို့ လာရောက်မည့်သူများအနေဖြင့် လူစည်ကားရာ နေရာများကိုသာ ရွေးချယ်သွားကြရန်နှင့် စေတနာကြီး၊ ကျောက်ဂူဥမင်၊ တန့်ကြည်တောင်နှင့် လူသူပြတ်လပ်သော တောလမ်းများကို ရှောင်ကြဉ်ကြရန် သတိပေးနှိုးဆော်ထားကြောင်း သိရသည်။

news-view-count-icon

42