ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ထိပ်တန်းအရာရှိတစ်ဦးသည်ဆီးရီးယားသို့ သွားရောက်ခဲ့ပြီး ဆီးရီးယားနှင့် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကိ kပြန်လည်စတင်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၃ ရက်တွင်ပြောသည်။ဒုတိယနိုင်ငံခြားရေးဝန်ကြီး အိုနီရှီယိုဟေးသည် မြို့တော် ဒမတ်စကတ်သို့ သွားရောက်ခဲ့ပြီး ဆီးရီးယားယာယီအစိုးရ၏ ဘဏ္ဍာရေးဝန်ကြီး မိုဟာမက်ယာဆာဘာနီယာနှင့်အခြားအရာရှိများနှင့် ဆွေးနွေးခဲ့သည်။ဂျပန်နိုင်ငံသည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ တစ်ဆင့် ဆီး
ရီးယားအတွက် ပံ့ပိုးမှုပေးရုံသာမက၁၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်စတင်မည်ဖြစ်ကြောင်း အိုနီရှီက ပြောသည်။ထိုသို့ပြုလုပ်ခြင်းဖြင့် ဂျပန်နိုင်ငံသည် ဆီးရီးယား၏ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးကို အားပေးရန် ရည်ရွယ်ကြောင်း၎င်းက ပြောကြားခဲ့သည်။ အထူးသဖြင့် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးနှင့် ဓာတုလက်နက်များ စွန့်ပစ်နိုင်ရေးတို့အတွက် ယခုဘဏ္ဍာရေးနှစ်အပိုဆောင်းဘတ်ဂျက်တွင် အမေရိကန်ဒေါ်လာ ၅၃ သန်း ထည့်သွင်းထားသည်။



