အငြင်းပွားနေသော ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တလျှောက် အပ-စ်အခတ်ရပ်စဲရေးနှင့် စောင့်ကြည့်ရေး ယန္တရားများနှင့် ပတ်သက်သည့် တရားဝင်ဆွေးနွေးပွဲများအတွက်ပြင်ဆင်ရန် ဗုဒ္ဓဟူးနေ့တွင် နှစ်ဖက်စစ်ဘက်ကိုယ်စားလှယ်များသည် ထိုင်းဘက်ခြမ်း ချန်ထာဘူရီပြည်နယ်တွင် အစည်းအဝေးကျင်းပခဲ့ကြသည်။ အတွင်းဝန်ရုံးအဆင့် အထွေထွေနယ်ခြားကော်မတီ (ဂျီဘီစီ) အစည်းအဝေးကို ဘန်ဖက်ကတ် အမြဲတမ်းနယ်စပ်စစ်ဆေးရေးဂိတ်တွင် စတင်ခဲ့သည်။ ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့သည် ကနဦးဆွေးနွေးပွဲအတွက် ဒေသစံတော်ချိန် ညနေ ၄း၂၅ နာရီခန့်တွင် ရောက်ရှိလာခဲ့သည်။
ကနဦးဆွေးနွေးပွဲသည် ဒီဇင်ဘာ၂၅ရက်ကြာသပတေးနေ့ နံနက် ၉ နာရီတွင် ကျင်းပရန် စီစဉ်ထားသည့် ကိုယ်စားလှယ်များစုံညီအစည်းအဝေးအတွက် အစည်းအဝေး အစီအစဉ်များကိုချမှတ်ရန် အဓိကထားကြောင်း ထိုင်းဘက်ခြမ်းမှ ဂျီဘီစီအတွင်းရေးမှူး နတ်ထာဖွန် ပရာအိုကောက အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။



