အမေရိကန်ပြည်ထောင်စု ဖီလာဒယ်ဖီးယားမြို့အနီးရှိ သက်ကြီးစောင့်ရှောက်ရေးဂေဟာတစ်ခု၌ ဒီဇင်ဘာ ၂၃ ရက်တွင် ပေါက်ကွဲမှုနှင့်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး နှစ်ဦး သေဆုံးခဲ့ရကြောင်း အမေရိကန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။သက်ကြီးစောင့်ရှောက်ရေးဂေဟာ ပေါက်ကွဲမီးလောင်မှုတွင် အပျက်အစီးများကြား လူပေါင်းငါးဦး ပိတ်မိနေဖွယ်ရှိရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအပြင်းအထန်လုပ်ဆောင်နေကြောင်း ဖီလာဒယ်ဖီးယားမြို့တော် တာဝန်ရှိသူများက ပြောကြားထားသည်။ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့သော သက်ကြီးစောင့်ရှောက်ရေးဂေဟာသည် ဖီလာဒယ်ဖီးယားမြို့ အရှေ့မြောက်ဘက် ၂၁ မိုင်အကွာတွင်ရှိသောဘရစ္စတိုးအမည်ရှိ မြို့ငယ်၌ တည်ရှိသည်။ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် သက်ကြီးစောင့်ရှောက်ရေးဂေဟာ ပေါက်ကွဲမီးလောင်မှု ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်နိုင်ကြောင်း အမေရိကန်တာဝန်ရှိသူများကယူဆထားသည်။ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားချိန်တွင် ဂေဟာအဆောက်အအုံအတွင်းလူနာနှင့် ဝန်ထမ်းအရေအတွက် မည်ရွေ့မည်မျှရှိခဲ့သည်ကို အတိအကျ မသိရသေးပေ။



