ပြည်တွင်း၌မော်တော်ယာဉ်မူသေအမှတ်အား စိတ်ကြိုက်ဝယ်ယူထားသည့် ယာဉ်ပိုင်ရှင်များအနေနှင့်၊ ယာဉ်မစစ်ရသေးခင် လမ်းပေါ်တက်မောင်းပါက ဖမ်းဆီးအရေးယူခံရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။သတ်မှတ်မူသေအမှတ်အတွင်းမရောက်ရှိသေးဘဲ၊ အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခွင့်မပေးထားသဖြင့်၊ စည်းကမ်းဖောက်ဖျက်ကျူးလွန်လျှင် တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။အထူးသဖြင့် အိမ်စီးကားတွေပေါ့နော်၊ယာဉ်နံပါတ်ကို စိတ်ကြိုက်ဂဏန်းအလှလေးတွေဝယ်ထားပြီး ယာဉ်မစစ်ရသေးခင် လမ်းပေါ်တက်မောင်းနေတာတွေတွေ့ရတယ်ပေါ့။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနက စာထုတ်တားမြစ်တာ၊ စည်းကမ်းဖောက်ဖျက်တာတွေ့ရင် ၂၀၂၀ မော်တော်ယာဉ်ဥပဒေနဲ့အရေးယူခံရမှာပါ” ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)သတင်းအရင်းအမြစ် တစ်ဦးကပြောသည်။မော်တော်ယာဉ်မူသေအမှတ်များရောင်းချပေးရာတွင် ကြိုတင်ဝယ်ယူထားသည့် မော်တော်ယာဉ်အမှတ်များအားသတ်မှတ်အက္ခရာရောက်ရှိမှသာ ယာဉ်စစ်ဆေးခြင်း၊ ဖောင်းကြွနံပါတ်ပြားရောင်းချပေးခြင်းနှင့် ကနဦးမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ပေးခြင်းတို့ ဆောင်ရွက်ပေးနေပြီး၊ သတ်မှတ်မူသေအမှတ်အတွင်းမရောက်ရှိသေးပါက ကနဦးမှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်ခွင့်မရှိသည့်အပြင် တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခွင့်မရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေနှင့်၊ မော်တော်ယာဉ်အသစ်များအား၊ ရောက်ရှိမူသေအမှတ်အသစ်ရယူလိုပါက၊ ရောက်ရှိယာဉ်အမှတ်အတွင်း ဂဏန်း(၁၀)လုံးအား ကွန်ပျူတာတွင် အခမဲ့မဲနှိုက်၍နံပါတ်ရယူခွင့်ပြုထားပြီး၊ အဆိုပါဂဏန်း(၁၀)လုံးအားရယူခြင်းမပြုဘဲ ရောက်ရှိအက္ခရာအတွင်း မိမိနှစ်သက်သောမော်တော်ယာဉ်မူသေအမှတ်အား ရွေးချယ်ဝယ်ယူလိုပါကလည်း၊ ကျသင့်ငွေပေးသွင်း၍ ဝယ်ယူခွင့် ပြုထားသည်။



