ဂျပန်နိုင်ငံတွင် ကျွမ်းကျင်သူများ နှင့် လေ့ကျင့်ရေးအစီအစဉ် အသစ်တစ်မျိုး စသည့် ပုံစံနှစ်မျိုးဖြင့် ပြည်ပလုပ်သား ၁ ဒသမ ၂၃ သန်း လက်ခံသွားရေးကို ဂျပန်အစိုးရက ဆုံးဖြတ်လိုက်ကြောင်း အန်အိတ်ချ်ကေ သတင်းဌာနက ဖော်ပြသည်။၂၀၂၉ ခုနှစ်၊မတ်လကုန်အထိ အလုပ်သမား ၁,၂၃၁,၉၀၀ဦး လက်ခံသွားရေး အစီအစဉ်ကို အစိုးရက ကျွမ်းကျင်ပညာ ရှင် အဖွဲ့တစ်ဖွဲ့သို့ တင်ပြခဲ့ကြောင်း သိရသည်။လက်ရှိ စနစ်အောက်တွင် နယ်ပယ်အလိုက် ကျွမ်းကျင်လုပ်သား ၈၀၅,၇၀၀ ဦးကို နယ်ပယ် ၁၉ ခုတွင် လက်ခံ သွား မည်ဖြစ်ကြောင်း စီမံချက်က ဖော်ပြသည်။လုပ်ငန်းအလိုက်ဆိုပါက စက်မှုထုတ်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်းတွင် အလုပ်သမား ၁၉၉,၅၀၀ ဦး၊ စား သောက်ကုန်လုပ်ငန်းတွင် ၁၃၃,၅၀၀ ဦး နှင့် သက်ကြီးရွယ်အို စောင့် ရှောက်မှုလုပ်ငန်းတွင် အလုပ်သမား ၁၂၆,၉၀၀ ဦး လက်ခံသွားမည်ဖြစ်သည်။၂၀၂၇ ခုနှစ် ဧပြီ ၁ ရက် တွင် စတင်မည့် အခြားအစီအစဉ်တစ်ခုတွင် မူအားဖြင့် သုံးနှစ်အတွင်း နယ်ပယ်အလိုက် ကျွမ်းကျင်လုပ်သားအဆင့် ရောက်ရှိနိုင်ရန် နိုင်ငံခြားသား အလုပ်သမားများအား လေ့ကျင့်ပေးရန် ရည် ရွယ်ထား သည်။ယင်းစနစ်အရ လုပ်ငန်းနယ်ပယ် ၁၇ ခုတွင် လူပေါင်း ၄၂၆,၂၀၀ ဦးကို လက်ခံသွားမည်ဖြစ်သည်။
| 11 | 0 | 0 | 0 |


