ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ယခု တစ်ပတ်အတွင်း ဆိုင်ကယ်လုယက်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်တွင် တီကျစ်မြို့၊ သံတဲရွာအနီးတွင် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ဆိုင်ကယ် လုယက်ခံရကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။အလားတူ ဒီဇင်ဘာ၂၀ ရက်တွင် နောင်တရားမြို့အနီး တကူမို့ရွာနားတွင် ဆိုင်ကယ်လုသူများက လမ်း ပေါ်တွင် ပိုက်ဆံချ ထောင်ချောက်ဆင်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။ပင်လောင်းမြို့နယ်တွင် မူးယစ်ဆေးဝါး သုံးသူလည်း များလာသလို၊ အွန်လိုင်းဂိမ်း ရှုံးသူများလာခြင်း၏ နောက်ဆက်တွဲကြောင့် သီးနှံခိုးမှု၊ ဓားပြတိုက်မှု၊ လုယက်မှုနှင့် အကြမ်းဖက်မှုတို့ များလာကြောင်း သိရသည်။ 


