back

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီအစားထိုးမှု အောင်မြင်စွာ ကုသနိုင်ခဲ့

Dec 25 • 1:32 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီအစားထိုးမှု အောင်မြင်စွာ ကုသနိုင်ခဲ့

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ နိုင်ငံတကာအဆင့်မီ ခုနစ်ထပ်ဆောင်သစ် သွေးရောဂါအထူးကုဌာန ခြင်ဆီအစားထိုး ဌာနမှာ အခုဒီဇင်ဘာလအတွင်းက သွေးပြန်ရေကျိတ် ကင်ဆာလူနာနှစ်ယောက်ကို...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ နိုင်ငံတကာအဆင့်မီ ခုနစ်ထပ်ဆောင်သစ် သွေးရောဂါအထူးကုဌာန ခြင်ဆီအစားထိုး ဌာနမှာ အခုဒီဇင်ဘာလအတွင်းက သွေးပြန်ရေကျိတ် ကင်ဆာလူနာနှစ်ယောက်ကို ခြင်ဆီအစားထိုးကုသခဲ့ရာမှာ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။အဲဒီလို ခြင်ဆီအစားထိုးကုသတာကို ဆေးရုံအုပ်ချုပ်မှုအဖွဲ့၊ သွေးရောဂါအထူးကုဌာနက ပါမောက္ခနဲ့ အထူးကု ဆရာဝန်ကြီးတွေ၊ ဆက်စပ်ဌာနတွေက ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပါမောက္ခနဲ့ အထူးကုဆရာဝန်ကြီးတွေ၊ ကျွမ်းကျင်သူနာပြုကြီးနဲ့ သူနာပြုတွေ၊ အထောက်အကူပြုဝန်ထမ်းတွေအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ ကြတာပါ။ လူနာတွေရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်ပြီဖြစ်တာကြောင့် ဒီဇင်ဘာ(၂၃)ရက်မှာ ဆေးရုံ ကနေ ဆင်းခွင့်ရရှိပြီ ဖြစ်ပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ခြင်ဆီအစားထိုးကုသမှုအနေနဲ့ ၂၀၁၆ ခုနှစ်က ၃ ယောက်၊ ၂၀၁၇ ခုနှစ်က ၃ ယောက်၊ ၂၀၁၈ ခုနှစ်က ၄ ယောက်၊ ၂၀၁၉ ခုနှစ်က ၁ ယောက်၊ ၂၀၂၀ ပြည့်နှစ်က ၁ ယောက်၊ ၂၀၂၄ ခုနှစ်က ၃ ယောက်နဲ့ လက်ရှိ ၂၀၂၅ ခုနှစ် အချိန်မှာ ၁၀ ယောက် စုစုပေါင်း ၂၅ ယောက်ကို ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူတွေ ကျန်းမာရေးကုန်ကျစရိတ်သက်သာစေရေးအတွက် ပြည်တွင်းမှာပဲ ခြင်ဆီအစားထိုးကုသတာတွေကို ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။


news-view-count-icon

53