back

ဘန်ကောက်မှာ နယူးရီးယား Countdown အတွက် ရထားပြေးဆွဲချိန်ကို တိုးမြှင့်

Dec 25 • 1:29 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်မှာ နယူးရီးယား Countdown အတွက် ရထားပြေးဆွဲချိန်ကို တိုးမြှင့်

ထိုင်းနိုင်ငံ၊ဘန်ကောက် ရထားဝန်ဆောင်မှုတွေကို နှစ်သစ်ကူးညမှာ နောက်ထပ် ၂ နာရီ တိုးမြှင့်ပြေးဆွဲပေးမယ်လို့ ထိုင်း Mass Rapid Transit Authority (MRTA) က အင်္ဂါနေ့(ဒ...

ထိုင်းနိုင်ငံ၊ဘန်ကောက် ရထားဝန်ဆောင်မှုတွေကို နှစ်သစ်ကူးညမှာ နောက်ထပ် ၂ နာရီ တိုးမြှင့်ပြေးဆွဲပေးမယ်လို့ ထိုင်း Mass Rapid Transit Authority (MRTA) က အင်္ဂါနေ့(ဒီဇင်ဘာလ ၂၃ ရက်)မှာ ပြောကြာခဲ့းပါတယ်။Purple, Blue, Yellow နဲ့ Pink လိုင်း ရထားတွေကို ဇန်နဝါရီ ၁ ရက် မနက် ၂ နာရီအထိ ပြေးဆွဲပေးမှာဖြစ်လို့ နှစ်သစ်ကူး countdown ပွဲသွားတဲ့သူတွေ အိမ်ပြန်ရ လွယ်ကူစေမှာ ဖြစ်ပါတယ်။ လိုင်းအသီးသီးရဲ့ ဂိတ်စ/ဂိတ်ဆုံး ဘူတာတွေကနေ နောက်ဆုံးရထားဟာ မနက် ၂ နာရီမှာ ထွက်ခွါမှာဖြစ်ပါတယ်။Green, Gold, Red နဲ့ Airport Rail Link လိုင်းတွေလည်း ၂ နာရီ တိုးမြှင့်ပြေးဆွဲမယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ ခရီးသည်တွေအနေနဲ့ သတင်းပြန်ကြားရေးကောင်တာတွေမှာ အတည်ပြု မေးမြန်းနိုင်ပါတယ်။

news-view-count-icon

15