ဒီဇင်ဘာ ၂၂ ရက်က မော်လမြိုင်သို့ရောက်နေတဲ့ ရှမ်းမြောက် နမ့်ဆန်မြို့နယ်က ခရီးသွားလူထုတွေကို မော်လမြိုင်ရှိ တည်းခိုခန်းနဲ့ ဟိုတယ်မှာ တည်းခိုခွင့် ကန့်သတ်ခံခဲ့ရပါတယ်။ဒါ့အပြင် မော်လမြိုင်မြို့ကနေရန်ကုန်မြို့သို့သွားဖို့ လိုင်းကားတွေကလည်း ဘယ်ကားဂိတ်မှ ၁၃/ တွေကို သယ်ဆောင်လို့မရကြောင်း နောက်ထပ်နမ့်ဆန်ဒေသခံ တစ်ဦးက ဆိုပါတယ်။အလားတူ ရန်ကုန်မြို့က မြို့နယ်တချို့က ဟိုတယ်တွေမှာလည်း ၁၃/ တွေကို တည်းခိုခွင့်မပြုကြောင်း အသီးသီးစာကပ်ထားကြောင်း အထက်ပါအမျိုးသားက ဆိုပါတယ်။ဒါ့အပြင် မန္တလေးတိုင်းက မြို့နယ်တချို့မှာလည်း ၁၃/ မှတ်ပုံတင် ကိုင်သူတွေကို ဌာနဆိုင်ရာနဲ့ စစ်ကောင်စီတပ်က အစစ်အဆေးပိုတင်းကြပ်ခဲ့ကြောင်း ခရီးသွားလူထုတွေရဲ့ ပြောပြချက်အရသိရပါတယ်။



