မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၆ ရက်တွင် ပျော်ဘွယ်မြို့နယ်၊ မြစ်သားမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ ရမည်းသင်းမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် ၀ ဒသမ ၈၆၇ တန်၊ သစ်မာ ၁ ဒသမ ၂၉၈ တန်၊ အခြားသစ် ၃၆ ဒသမ ၁၈၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉,၃၀၁,၆၃၆) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Toyota Light Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၀၀၀,၀၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ ဒီဇင်ဘာ ၁၃ ရက်တွင် မိတ္ထီလာမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် သာစည်မြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၇၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၇,၀၀၁,၆၃၆ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။



