ပြည်တွင်း ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း ပုစွန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန်၇,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှသိရသည်။ယခုဘဏ္ဍာနှစ်၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ရှစ်လတာကာလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၇,၀၀၀ကျော် တင်ပို့နိုင်ခဲ့ပြီး ယင်းမှ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်ရရှိခဲ့ကြောင်းသိရသည်။မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါး စသည့် ရေထွက်ကုန်များကို တရုတ်၊ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီးရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ် ကုန်သွယ်ရေးမှလည်းတိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရသည်။
Dec 24 • 3:01 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 38 | 0 | 0 | 0 |


