လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် နိုဝင်ဘာလအစောပိုင်း သတ်လောင်ပွဲတော် ကာလအတွင်း စတင်ခဲ့သည့် အမြန်ဘတ်စ်ကား (BRT) စမ်းသပ်ပြေးဆွဲမှုဝန်ဆောင်မှုကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှစ၍ အကန့်အသတ်မရှိ ယာယီရပ်နားထားကြောင်း ပြည်သူ့လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးဌာနက ထုတ်ပြန်လိုက်သည်။ ယခုကဲ့သို့ ရပ်နားရခြင်းမှာ လမ်းကြောင်းစနစ်၊ ဘတ်စ်ကားမောင်းနှင်မှု၊ ယာဉ်မောင်းကျွမ်းကျင်မှုနှင့် ထိန်းချုပ်ရေးစနစ်များကို ပိုမိုကောင်းမွန်အောင် ပြုပြင်ရန်အတွက်ဖြစ်ပြီး၊ BRT လမ်းနှင့် အထွေထွေယာဉ်ကြောလမ်းများကို ခွဲခြားထားသည့် အတားအဆီးများကို ဖယ်ရှားကာ လမ်းညွှန်ဆေးသားအမှတ်အသားများဖြင့်သာ အစားထိုးလဲလှယ်သွားမည်ဖြစ်ကြောင်း သိရသည်။
Dec 24 • 2:40 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


