ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး နေမာ (၃၃ နှစ်) သည် ၂၀၂၃ ခုနှစ်က ရရှိခဲ့သော ဒူးဒဏ်ရာဟောင်း၏ နောက်ဆက်တွဲအဖြစ် ဒူးခွဲစိတ်ကုသမှုကို ထပ်မံခံယူခဲ့သည်။ နေမာသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများကြားမှပင် ၎င်း၏ကလပ်အသင်းဖြစ်သော ဆန်းတို့စ်အသင်းကို တန်းဆင်းဇုန်မှလွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့သလို၊ လာမည့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဘရာဇီးလ်အသင်းနှင့်အတူ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ယခုကဲ့သို့ ကြိုတင်ကုသမှုများ ပြုလုပ်ခြင်းဖြစ်သည်။ လက်ရှိတွင် နေမာသည် ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် (၁၂၈) ပွဲကစား၊ (၇၉) ဂိုးဖြင့် သမိုင်းတလျှောက် ဂိုးအများဆုံးသွင်းယူထားသည့် စံချိန်ရှင်အဖြစ် ရပ်တည်နေဆဲဖြစ်သည်။
Dec 24 • 2:38 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 43 | 0 | 0 | 0 |


