မြန်မာနိုင်ငံမှာ အသည်းအစားထိုး ခွဲစိတ်ကုသမှု (၃၉)ဦးရှိပြီဖြစ်ပြီး အောင်မြင်စွာကုသနိုင်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။ရန်ကုန်မြို့ရှိ အထူးကုဆေးရုံကြီး(ခုတင် -၅၀၀)မှာ (၃၈)ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ် ကုသမှုအဖြစ် အသက် (၄၉)နှစ်ရှိ အသည်းရောဂါလူနာ အမျိုးသားနှင့် အသက် (၃၉)နှစ်ရှိ အသည်းအလှူရှင် အမျိုးသမီး မောင်နှမတို့အား (၂၀-၁၂-၂၀၂၅) ရက်နေ့မှာလည်းကောင်း၊ (၃၉)ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှုအဖြစ် အသက်(၅၈)နှစ်ရှိ အသည်းလူနာအမျိုးသမီးနှင့် အသက်(၂၅) နှစ်ရှိ အသည်းအလှူရှင် သားအမိတို့အား (၂၁-၁၂-၂၀၂၅)ရက်နေ့မှာလည်းကောင်း ဆောင်ရွက်ခဲ့ပါတယ်။အခုအသည်းအစားထိုးကုသမှုကို တောင်ကိုးရီးယားနိုင်ငံ၊ Seoul National University Hospital မှ Professor Kwang Woong Lee နဲ့မြန်မာဆေးပညာရှင် ၊ပါမောက္ခ၊ဆရာဝန်၊သူနာပြုတွေပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။



