တောင်ကိုရီးယား အာကာသကုမ္ပဏီ InnoSpace က တီထွင်ထုတ်လုပ်ထားသည့် ပထမဆုံးသော စီးပွားရေးလုပ်ငန်းသုံး အာကာသလွှတ်တင်ရေးယာဉ် "ဟန်ဘစ်-နာနို" (Hanbit-Nano) သည် ဒီဇင်ဘာ ၂၃ ရက်က ဘရာဇီးနိုင်ငံရှိ အာကာသစင်တာမှ လွှတ်တင်စဉ် မအောင်မြင်ဘဲ ပျက်စီးသွားကြောင်း သိရသည်။ အဆိုပါ အာကာသယာဉ်သည် လွှတ်တင်ပြီးနောက် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပေါက်ကွဲသွားခြင်းဖြစ်သည်ဟု ယူဆရသော်လည်း၊ ကုမ္ပဏီဘက်မှ အသေးစိတ် အခြေအနေနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေ။
Dec 24 • 1:34 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


