back

ထိုင်းနယ်စပ်တွင် မလေးရှား အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးရမိ

Dec 24 • 1:32 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

ထိုင်းနယ်စပ်တွင် မလေးရှား အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးရမိ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲများကြောင့် ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပက်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တောလမ်းအတိုင်း ခိုးဝင်လာသည့် မလေးရှားလူမျိုး ...

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲများကြောင့် ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပက်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တောလမ်းအတိုင်း ခိုးဝင်လာသည့် မလေးရှားလူမျိုး အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်းဆောင် အန်ဂျိူးဟန် ကို ဆာကာအိုပြည်နယ်တွင် ဖမ်းဆီးရမိခဲ့သည်။ ၎င်းသည် ဘန်ကောက်မြို့ရှိ ကွန်ဒိုများ၌ ဆင်းမ်ဘောက်စ် (Simbox) များ တပ်ဆင်ကာ နိုင်ငံတကာခေါ်ဆိုမှုများကို လမ်းကြောင်းပြောင်း၍ အွန်လိုင်းလိမ်လည်မှုများပြုလုပ်ရန် အင်ဒို-ထိုင်း ဇနီးမောင်နှံတစ်ဦးကို စေခိုင်းခဲ့သူဖြစ်သည်။ ဖမ်းဆီးရမိသည့် စုံတွဲ၏ ထွက်ဆိုချက်အရ ၎င်းကို ခြေရာခံမိခြင်းဖြစ်ပြီး၊ လက်ရှိတွင် နည်းပညာရာဇဝတ်မှုနှိမ်နင်းရေးဌာနက အမှုဖွင့်ကာ ဆက်စပ်တရားခံများကို ထပ်မံဖော်ထုတ်နိုင်ရန် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

14