back

သုဝဏ္ဏဘူမိလေဆိပ်အနီး ဒရုန်းပျံသန်းမှုဖြင့် မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

Dec 24 • 1:30 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

သုဝဏ္ဏဘူမိလေဆိပ်အနီး ဒရုန်းပျံသန်းမှုဖြင့် မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဒီဇင်ဘာ ၂၁ ရက်က ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်အနီး ဒရုန်းပျံသန်းမှုကြောင့် လုံခြုံရေးအရ စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့ရှိ ဟ...

ဒီဇင်ဘာ ၂၁ ရက်က ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်အနီး ဒရုန်းပျံသန်းမှုကြောင့် လုံခြုံရေးအရ စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့ရှိ ဟိုတယ်တစ်ခုကို ဝင်ရောက်စီးနင်းကာ မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့နှင့်အတူ ဘတ် ၇.၅ သန်းခန့် တန်ဖိုးရှိ DJI FlyCart 30 အမျိုးအစား ဒရုန်း ၁၀ စီးကို သိမ်းဆည်းရမိခဲ့ပြီး၊ အဆိုပါဒရုန်းများကို အစိတ်အပိုင်းများဖြုတ်ကာ မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်၍ မြန်မာစစ်တပ်ထံ ရောင်းချရန် စီစဉ်ထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ လက်ရှိတွင် ဖမ်းဆီးခံရသူများ၏ ဗီဇာကို ရုပ်သိမ်းထားပြီး ဒရုန်းများ ဝယ်ယူပေးခဲ့သူ ထိုင်းနိုင်ငံသားအပါအဝင် ဆက်စပ်သူများကိုလည်း ထိုင်းအာဏာပိုင်များက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

15