back

ရှမ်းပြည်၊ကျိုင်းတုံတွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ကြက်ခြေနီမှဖွင့်လှစ်ခဲ့

Dec 23 • 5:33 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်၊ကျိုင်းတုံတွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ကြက်ခြေနီမှဖွင့်လှစ်ခဲ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ် ကတ်တောင်ကျေးရွာအုပ်စု ဝမ်ညှင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းကို ဒီဇင်ဘာလ(၁၉)ရ...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ် ကတ်တောင်ကျေးရွာအုပ်စု ဝမ်ညှင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းကို ဒီဇင်ဘာလ(၁၉)ရက်နေ့မှ ဒီဇင်ဘာလ(၂၁)ရက်နေ့အထိ ပြုလုပ်ခဲ့ရာ ကျိုင်းတုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ နည်းပြများက စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ပါသည်။ဝမ်ညှင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြို့နယ်များမှ ဝေးလံခေါင်ဖျား တောင်ပေါ်ဒေသများရှိ ဆင်းရဲနွမ်းပါးနှင့် မိဘမဲ့ တိုင်းရင်းသားများအား ပညာသင်ကြားပေးနေခြင်းဖြစ်ပြီး အဆိုပါရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၆/၂၀၂၅) သို့ ကိုရင်များအပါအဝင် ကျောင်းသား/သူများနှင့် ဆရာ/ဆရာမ စုစုပေါင်း (၃၂) ဦး စိတ်ဝင်စားစွာ တက်ရောက်သင်ယူခဲ့ပါသည်။


news-view-count-icon

29