ဥပဒေရေးရာဝန်ကြီးဌာနနှင့် အမျိုးသားညဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတို့ ပူးပေါင်းပြီး AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။လက်ရှိတွင် AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးကြီးကြပ်မှု ကော်မတီကိုလည်း ဖွဲ့စည်းထားပြီး Legal Assistant AI Model ဆောင်ရွက်ကာ ဥပဒေအသိပညာအချက်အလက်များကို ထည့်သွင်းပြီးစီးမှုနှင့်ပတ်သက်ပြီး ယမန်နေ့က ကော်မတီ အစည်းဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။AI နည်းပညာဖြင့် ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းဆောင်ရွက်ရန် DATA Collection ပြုလုပ်ခြင်းနှင့် ရရှိပြီးသည့် data များကို Legal Assistant AI Model အတွင်း ထည့်သွင်းလေ့ကျင်မှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။
Dec 23 • 5:21 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 42 | 0 | 0 | 0 |


