back

စစ်ကိုင်းတိုင်းက မြို့နယ်လေးခုမှာ နေရပ်စွန့်ခွာရသူများအတွက် စက်ရေတွင်းနဲ့အိမ်သာတွေ ဆောက်လုပ်ပေးနေ

Dec 23 • 4:00 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်းက မြို့နယ်လေးခုမှာ နေရပ်စွန့်ခွာရသူများအတွက် စက်ရေတွင်းနဲ့အိမ်သာတွေ ဆောက်လုပ်ပေးနေ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ဝက်လက်၊ ရွှေဘို၊ ဒီပဲယင်းစတဲ့ မြို့နယ်လေးခုမှာရှိတဲ့ နေရပ်စွန့်ခွာရသူများနဲ့ မသန်စွမ်းတွေ လွယ်လွယ်ကူကူ အသုံးပြုနိုင်ဖို့ စက်ရေတွ...

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ဝက်လက်၊ ရွှေဘို၊ ဒီပဲယင်းစတဲ့ မြို့နယ်လေးခုမှာရှိတဲ့ နေရပ်စွန့်ခွာရသူများနဲ့ မသန်စွမ်းတွေ လွယ်လွယ်ကူကူ အသုံးပြုနိုင်ဖို့ စက်ရေတွင်းနဲ့အိမ်သာတွေ ဆောက်လုပ်ပေးခဲ့တယ်လို့ S&C မီးဘေး၊စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။ဒီဇင်ဘာလ ၁ရက်ကနေ ၂၃ ရက်နေ့အထိ မြို့နယ်လေးခုက အိမ်ထောင်စု ၁၀၀ ကျော်အတွက် ရည်ရွယ်ကာ စက်ရေတွင်းခုနစ်တွင်းနဲ့ လေးခန်းတွဲပါ အိမ်သာသုံးလုံးကို ကာလတန်ဘိုး သိန်း ၂၀၀ နီးပါး ဆောက်လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။စစ်ကိုင်းတိုင်း အတွင်းမှာတော့ ရွှေဘို ၊ဒီပဲယင်း ၊ဝက်လက်၊ခင်ဦး၊ ကလေး၊ ကနီ ၊မုံရွာမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ရေရှားပါးပြီး သောက်သုံးရေနဲ့ အိမ်သာ လုံလောက်စွာ မရှိတာကြောင့် ဖျားနာတာနဲ့ ဝမ်း‌ရောဂါ ဖြစ်ပွားခဲ့တာ ကြောင့် ယခုလို လှူဒါန်းပေးခဲ့တာလို့ ပြောပါတယ်။

news-view-count-icon

37