၂၀၂၆ ပညာသင်နှစ်အတွက် အဝေးသင် သင်တန်းတွေ တက်ရောက်ကြမဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းအပ်နှံနိုင်ပြီလို့ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ဒီဇင်ဘာ ၂၂ ရက်(ယမန်နေ့)မှာ ထုတ်ပြန် ကြေ ညာပါတယ်။ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက တက္ကသိုလ်နဲ့ ဒီဂရီကောလိပ်တွေရဲ့ ၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် အဝေးသင်သင်တန်းတွေရဲ့ ကျောင်းဝင်မှတ်ပုံတင်တာကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်ကနေ ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်အထိ လက်ခံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယနှစ်နှင့်အထက် အဝေးသင် သင် တန်းတွေရဲ့ ကျောင်းဝင်မှတ်ပုံတင်တာကိုလည်း ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်ကနေ မေလ ၁၅ ရက်အထိ လက်ခံဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Dec 23 • 3:59 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 36 | 0 | 0 | 0 |


