မြန်မာ့လက်ရွေးစင် နောက်ခံလူဟောင်း ဇော်မင်းထွန်း က ကလပ်အသင်းများအနေဖြင့် မိမိအား အလိုရှိပါက တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်း ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောကြားလိုက်သည်။ အသက် ၃၃ နှစ်အရွယ်ရှိ ဇော်မင်းထွန်းသည် ပြီးခဲ့သည့် ရာသီက ထိုင်းလိဂ်-၂ ကလပ် ဘန်ကောက်အသင်းတွင် ကစားခဲ့ပြီးနောက် လက်ရှိတွင် စာချုပ်သက်တမ်းကုန်ဆုံးကာ အသင်းလက်မဲ့ ဖြစ်နေသူဖြစ်သည်။ ၎င်းက မိမိတွင် အေးဂျင့်မရှိဘဲ လွတ်လပ်သည့် ကစားသမားတစ်ဦးဖြစ်ကြောင်း၊ လက်ရှိတွင် ကြံ့ခိုင်မှုနှင့် ခြေစွမ်းပိုင်း အကောင်းဆုံးအခြေအနေ၌ ရှိနေသဖြင့် အသင်းသစ်တစ်သင်းနှင့် အမြန်ဆုံး လက်တွဲလိုကြောင်း ပြောကြားထားသည်။ လက်ရှိ ၂၀၂၅-၂၀၂၆ ရာသီဝက် အပြောင်းအရွှေ့ကာလတွင် အသင်းသစ်ရရှိရန် မျှော်လင့်နေသည့် ဇော်မင်းထွန်းက အသင်းများအနေဖြင့် ၎င်းထံ တိုက်ရိုက်ကမ်းလှမ်းနိုင်ကြောင်း ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
Dec 23 • 2:51 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 33 | 0 | 0 | 0 |


