လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်အတွင်း စွမ်းအင်ထောက်ပံ့ရေးနှင့် ဖြန့်ဖြူးရေးကဏ္ဍတွင် ဆက်ဆံရေးခိုင်မာစွာ မြှင့်တင်ခဲ့ပြီး လာအို-တရုတ် မီးရထားလမ်းသို့ ဓာတ်အားထောက်ပံ့မှု ပိုမိုကောင်းမွန်လာကာ ဗီယင်ကျန်းမြို့ရှိ မီးပြတ်တောက်မှုအရေအတွက် လျော့ကျစေခဲ့သည်။
ဤတိုးတက်မှုများကို ဒီဇင်ဘာလ ၁၆ ရက်နေ့က ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့သော "လျှပ်စစ်မီးရောင်က မဲခေါင်မြစ်ကို အလင်းပေး၊ ဗီယင်ကျန်းမြို့ ဆန်းသစ်တက်ကြွလာ" ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျင်းပသည့် အခမ်းအနားတွင် ရှင်းလင်းတင်ပြခဲ့သည်။အဆိုပါအခမ်းအနားသို့ လမ်းပန်းဆက်သွယ်ရေးနှင့် လမ်းတံတားဆိုင်ရာ ဝန်ကြီး လက်လေး စီဗီလေး၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ အရာရှိများ၊ လာအိုနိုင်ငံရှိ တရုတ်သံရုံးမှ အရာရှိများနှင့် နိုင်ငံနှစ်ခုရှိ လျှပ်စစ်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


