ထိုင်းနိုင်ငံ၊ ကန်ချနဘူရီမြို့တွင် ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက နှစ်သစ်ကူးကာလ ယာဉ်စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် တရားမဝင် မြန်မာအမျိုးသမီး ၉ ဦး တင်ဆောင်လာသည့် အိမ်စီးကားတစ်စီးကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသူများသည် နခွန်ပထုံခရိုင်သို့ အလုပ်လုပ်ရန် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသူများဖြစ်ပြီး၊ စစ်ဆေးစဉ် နေထိုင်ခွင့်အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိကြောင်း သိရသည်။ လက်ရှိတွင် မြန်မာအမျိုးသမီး ၉ ဦးနှင့်အတူ ၎င်းတို့ကို တင်ဆောင်လာသည့် ထိုင်းနိုင်ငံသား ယာဉ်မောင်းကိုပါ ကန်ချနဘူရီရဲစခန်း၌ ထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Dec 23 • 2:38 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


