မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ ကျက်သရေဆောင်ဘုရားငါးဆူစေတီတော်မြတ်ကြီးဗုဒ္ဓပူဇနိယနှင့်ဓာတုပူဇနိယပွဲတော် အထိမ်းအမှတ် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က ဘုရားငါးဆူစေတီတော်မြတ်ကြီး၏ ရှေ့မှစတင်ကာ မြို့တွင်းတစ်ပတ်လှည့်လည်၍ ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြို့နယ်အတွင်းရှိ သံဃာတော်အပါး (၇၀) ပါးတို့အားဆွမ်းဆန် တော်၊ ဆီ၊ ဆေးဝါးများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းမျိုးစုံတို့ကို ဌာနဆိုင်ရာတာဝန်ရှိ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ စေတနာရှင် အလှူရှင်များ၊ ဘုရားဖူးပြည်သူများကဆွမ်းဆန်စိမ်း ဆက်ကပ်လောင်းလှူပူဇော်ခဲ့ကြသည်။
မကွေးတိုင်း၊ဆင်ပေါင်ဝဲမြို့ဘုရားငါးဆူစေတီတော်မြတ်ကြီး ၌ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ အခမ်းအနား ကျင်းပ
Dec 23 • 2:31 AM
မြန်မာ
မကွေး
မျှဝေမည်
| 44 | 0 | 0 | 0 |


