ထိုင်းနိုင်ငံ၊လရောင်ခရိုင်မှာ မြန်မာအလုပ်သမား တွေ နေထိုင်တဲ့ တန်းလျှားကို ဝင်ရောက်ပြီး ၊ အလုပ်သမား ၅၀ ကို လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူ တွေကစစ်ဆေးခဲ့တယ်လို့သိရပါတယ်။စစ်ဆေးမှု မှာ စစ်ဆေးခံရသူ ၅၀ ဦးစလုံး ဟာ ထိုင်းနိုင်ငံ မှာ ဆက်လက်နေထိုင် ဖို့ တရားဝင် ခွင့်ပြုချက် တွေ ရှိခဲ့ ပေမယ့်လည်း ၊ အဲဒိထဲက ၅ ဦးဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၃၈ အရ မိမိတို့ လက်ရှိနေထိုင်ရာ လိပ်စာကို အာဏာပိုင်တွေဆီ မှတ်ပုံတင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။အခုလို ဥပဒေချိုးဖောက်မှုအတွက်အိမ်ရှင် တွေ ကို ဒဏ်ငွေအပ်နှံ ဖို့ ညွှန် ကြားခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးလူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်းတွေ ကို ပိုမိုတင်းကြပ်စွာ လိုက်နာဖို့ သတိပေးခဲ့တယ်လို့လည်း သိရှိရပါတယ်။



