back

ရှမ်းပြည်နယ်၊ လွိုင်မွေချယ်ရီပန်းပွဲတော်ကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

Dec 23 • 1:28 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ လွိုင်မွေချယ်ရီပန်းပွဲတော်ကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ရှိ လွိုင်မွေတောင်စခန်းမြို့တွင် ပဥ္စမအကြိမ်မြောက် ချယ်ရီပန်းပွဲတော်ကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်သ...

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ရှိ လွိုင်မွေတောင်စခန်းမြို့တွင် ပဥ္စမအကြိမ်မြောက် ချယ်ရီပန်းပွဲတော်ကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဟိုတယ်/ခရီးဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ချယ်ရီပန်းများ ရေရှည်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး၊ ပွဲတော်တွင် တိုင်းရင်းသားရိုးရာအကအလှများ၊ တေးသီချင်းဖျော်ဖြေမှုများအပြင် ဒေသထွက်ဝိုင်နှင့် MSME ထုတ်ကုန်ပြခန်းများစွာ ပါဝင်မည်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅,၅၄၂ တွင်ရှိသော လွိုင်မွေဒေသသည် နှစ်တစ်ရာစံအိမ်နှင့် လွိုင်မွေကန်တို့ကြောင့် ထင်ရှားသည့်အပြင် အစုလိုက်အပြုံလိုက် ပွင့်လေ့ရှိသည့် ချယ်ရီပန်းအလှများကို ကြည့်ရှုရန် နှစ်စဉ်ဆောင်းရာသီတွင် ခရီးသွားများဖြင့် အထူးစည်ကားသော နေရာတစ်ခု ဖြစ်သည်။

news-view-count-icon

32