မော်စကိုမြို့တွင် တနင်္လာနေ့ (ဒီဇင်ဘာ ၂၂) နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ကားဗုံးပေါက်ကွဲမှုတစ်ခုအတွင်း ရုရှားလက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆင်ရေးလေ့ကျင့်ရေးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ဖာနီးလ် ဆာဗာရော့ဗ် သေဆုံးသွားခဲ့ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ထုတ်ပြန်ခဲ့သည်။ ၎င်း၏ကားကိုယ်ထည်အောက်တွင် ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ကာ လုပ်ကြံခံရခြင်းဖြစ်ပြီး၊ ရုရှားအာဏာပိုင်များက ယင်းဖြစ်ရပ်ကို "စစ်တပ်အရာရှိတစ်ဦးအား သတ်ဖြတ်မှု" ဖြင့် အမှုဖွင့်ကာ ယူကရိန်းအထူးတပ်ဖွဲ့များ ပါဝင်ပတ်သက်မှု ရှိ၊ မရှိကို အဓိကထား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Dec 23 • 1:25 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 30 | 0 | 0 | 0 |


