back

စမ်းချောင်းမြို့နယ်၌ မှတ်ပုံတင်နှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

Dec 23 • 1:21 AM

breaking-news

မြန်မာ

ရန်ကုန်

cover

စမ်းချောင်းမြို့နယ်၌ မှတ်ပုံတင်နှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်အတွင်း နေထိုင်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) အရ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်ရရှိပြီးသူများက...

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်အတွင်း နေထိုင်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) အရ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်ရရှိပြီးသူများကို e-ID စနစ်ဖြင့် Biometric အချက်အလက်များကောက်ယူကာ Unique ID (UID) ထုတ်ပေးခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၂၂ ရက်က One Stop Service (OSS) ဖြင့် ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါလုပ်ငန်းဆောင်ရွက်မှုများအား ပြည်ထောင်စုဝန်ကြီး နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီးက မဲပေးပိုင်ခွင့်ရှိသူတိုင်း အထောက်အထားကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ အချိန်မီပြီးစီးအောင် ညှိနှိုင်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

26