back

ငလျင်ဒဏ်သင့် တံတားဦးဆေးရုံအတွက် ICRC က ရေပေးဝေရေးနှင့် ဆေးရုံသုံးပစ္စည်းများ ကူညီပံ့ပိုး

Dec 23 • 1:20 AM

breaking-news

မြန်မာ

မန္တလေး

cover

ငလျင်ဒဏ်သင့် တံတားဦးဆေးရုံအတွက် ICRC က ရေပေးဝေရေးနှင့် ဆေးရုံသုံးပစ္စည်းများ ကူညီပံ့ပိုး

မန္တလေးငလျင်ကြောင့် ရေပေးဝေရေးစနစ်နှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည့် တံတားဦးဆေးရုံတွင် ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ပေးနိုင်ရန် နိုင...

မန္တလေးငလျင်ကြောင့် ရေပေးဝေရေးစနစ်နှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည့် တံတားဦးဆေးရုံတွင် ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ပေးနိုင်ရန် နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) က ကူညီဆောင်ရွက်ပေးခဲ့သည်။ ICRC အနေဖြင့် ဆေးဘက်ဆိုင်ရာလုပ်ငန်းစဉ်များအတွက် သန့်ရှင်းသောရေရရှိစေရန် အဝီစိတွင်းသစ်တူးဖော်ခြင်း၊ လီတာ ၉,၀၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်း၊ ခွဲစိတ်ခန်းတွင် ရေသန့်စင်စနစ်တပ်ဆင်ခြင်းတို့အပြင် အချင်းထည့်ရန်တွင်းတည်ဆောက်ခြင်းနှင့် ဆေးရုံထွက်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ ကိရိယာများကိုပါ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

39