back

ပတ္တရားကမ်းခြေ လူမြင်ကွင်းတွင် မလျော်ကန်စွာ ပြုမူခဲ့သည့် နိုင်ငံခြားသားနှင့် ထိုင်းအမျိုးသမီးကို ရဲတပ်ဖွဲ့က သတိပေးကာ ပြန်လွှတ်ပေး

Dec 23 • 1:11 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ပတ္တရားကမ်းခြေ လူမြင်ကွင်းတွင် မလျော်ကန်စွာ ပြုမူခဲ့သည့် နိုင်ငံခြားသားနှင့် ထိုင်းအမျိုးသမီးကို ရဲတပ်ဖွဲ့က သတိပေးကာ ပြန်လွှတ်ပေး

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ Jomtien ကမ်းခြေရှိ ရေပေါ်တံတားတစ်ခုပေါ်တွင် ဒီဇင်ဘာ ၂၀ ရက် ညပိုင်းက လူမြင်ကွင်း၌ လိင်ဆက်ဆံမှုပြုလုပ်နေသည့် ဒိန်းမတ်အမျိုးသားတစ်ဦးနှင...

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ Jomtien ကမ်းခြေရှိ ရေပေါ်တံတားတစ်ခုပေါ်တွင် ဒီဇင်ဘာ ၂၀ ရက် ညပိုင်းက လူမြင်ကွင်း၌ လိင်ဆက်ဆံမှုပြုလုပ်နေသည့် ဒိန်းမတ်အမျိုးသားတစ်ဦးနှင့် ထိုင်းအမျိုးသမီးတစ်ဦးတို့ကို ရဲတပ်ဖွဲ့က ဝင်ရောက်တားဆီးခဲ့သည်။ အနီးအနားရှိ ခရီးသွားဧည့်သည်များစွာ မြင်တွေ့ခဲ့ရသည့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံတစ်ဦး၏ တိုင်ကြားမှုကြောင့် ရဲများရောက်ရှိလာပြီး တားဆီးခဲ့ရခြင်းဖြစ်ကာ၊ စစ်ဆေးမေးမြန်းရာတွင် ထိုင်းအမျိုးသမီးက အရက်မူးနေပြီး ဆင်ခြင်တုံတရားကင်းမဲ့သွားခြင်းကြောင့် ဖြစ်သည်ဟု ဝန်ခံခဲ့သည်။ ရဲတပ်ဖွဲ့က ၎င်းတို့နှစ်ဦးကို ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သော်လည်း အမှုဖွင့်အရေးယူခြင်းမပြုဘဲ ခရီးသွားလုပ်ငန်းပုံရိပ် ထိခိုက်စေနိုင်သည့် ယခုကဲ့သို့ မလျော်ကန်သောလုပ်ရပ်မျိုး ထပ်မံမပြုလုပ်ရန် တရားဝင်သတိပေးဆုံးမကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

17