back

ဒီဇင်ဘာပိတ်ရက် ကျိုက်ထီးရိုးဘုရားဖူးများလာသလို ရင်ပြင်တော်တစ်ဝိုက် အညစ်ကြေးစွန့်မှုများကြောင့် စိတ်အနှောင့်ယှက်ဖြစ်စရာကြုံလာဟုဆို

Dec 22 • 3:10 PM

breaking-news

မြန်မာ

မွန်

cover

ဒီဇင်ဘာပိတ်ရက် ကျိုက်ထီးရိုးဘုရားဖူးများလာသလို ရင်ပြင်တော်တစ်ဝိုက် အညစ်ကြေးစွန့်မှုများကြောင့် စိတ်အနှောင့်ယှက်ဖြစ်စရာကြုံလာဟုဆို

ယခုလို နှစ်ကုန်ပိုင်းဒီဇင်ဘာပိတ်ရက်များအတွင်းတွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူးလာသူအများအပြားရှိနေပြီး ရင်ပြင်တော်ပေါ်တွင် အိပ်စက်မှုများသာမက အညစ...

ယခုလို နှစ်ကုန်ပိုင်းဒီဇင်ဘာပိတ်ရက်များအတွင်းတွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူးလာသူအများအပြားရှိနေပြီး ရင်ပြင်တော်ပေါ်တွင် အိပ်စက်မှုများသာမက အညစ်အကြေးစွန့်ခြင်းများကြောင့် စိတ်အနှောင့်ယှက်ဖြစ်စရာအခြေအနေမျိုးကြုံလာကြောင်း ဘုရားဖူးသွားခဲ့သူများထံမှ သိရသည်။ယခုနောက်ပိုင်းတွင် တည်းခိုခများစျေးမြင့်မားခြင်းကြောင့် ဘုရားဖူးအများစုမှာ ရင်ပြင်တော်ပေါ်၌ အိပ်စက်လေ့ရှိကြပြီး ငွေကြေးတတ်နိုင်သူအချို့ပင်လျှင် ရင်ပြင်တော်ပေါ်အိပ်စက်ခြင်းများရှိလာကြောင်း၊ ရင်ပြင်တော်ပေါ် အိပ်စက်ကြသော ဘုရားဖူးများအနက် အချို့မှာ အတူပါလာသည့်ကလေးများကို ရင်ပြင်တော်ပေါ်မှ အပင်များအနီးတွင် သေးတည်ခြင်း၊ အညစ်အကြေးများစွန့်ခြင်း၊ အညစ်အကြေးများကို စည်းကမ်းမဲ့ပစ်ထားခြင်း စသည်ဖြင့်လည်း ပြုလုပ်လာခြင်းကြောင့် အခြားသောဘုရားဖူးများအတွက် စိတ်အနှောင့်ယှက်ဖြစ်ရသည့်အပြင် အဂါရဝဖြစ်စေသော အပြုအမူမျိုးလည်း ဖြစ်လာစေကြောင်း သိရသည်။တောင်တက်ကားခများမှာ အပြောင်းအလဲမရှိဘဲ ရှေ့ခန်း ၉၀၀၀ ကျပ်၊ နောက်ခန်း ၇၀၀၀ ကျပ်ဖြင့် ပြေးဆွဲပေးနေပြီး ထမင်းဆိုင်များတွင် ထမင်းစားပါက တစ်ဦးလျှင်တစ်နပ်စာအတွက် ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ကြား ကုန်ကျခဲ့ကြောင်းလည်း သိရသည်။




news-view-count-icon

21