back

ဝယ်လက်နဲ့ လက်ကျန်ပေါ်မူတည်ပြီး ဆန်ကွဲ ၊ ဆန်ကွဲ နဲ့ ဖွဲနု ဈေး တွေ မြင့်တက်

Dec 22 • 3:09 PM

breaking-news

မြန်မာ

ပဲခူး

cover

ဝယ်လက်နဲ့ လက်ကျန်ပေါ်မူတည်ပြီး ဆန်ကွဲ ၊ ဆန်ကွဲ နဲ့ ဖွဲနု ဈေး တွေ မြင့်တက်

ပဲခူးတိုင်းဒေသကြီးအနေနဲ့ ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍ မှာ ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နဲ့ သုံးစွဲသူ တွေရဲ့  ဝယ်လိုအားအနည်းအများအပေါ် ...

ပဲခူးတိုင်းဒေသကြီးအနေနဲ့ ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍ မှာ ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နဲ့ သုံးစွဲသူ တွေရဲ့  ဝယ်လိုအားအနည်းအများအပေါ် မှာ မူတည်ပြီး ဆန်နဲ့ ဆန်ကွဲ၊ ဖွဲနုဈေး တွေ အတက်အကျ ဖြစ်ပေါ် နေပါတယ်" လို့ ပဲခူးကုန်စည်ဒိုင်ကဆိုပါတယ်။ပဲခူးကုန်စည်ဒိုင်အနေနဲ့ ဒီဇင်ဘာ ၁၅ ရက် မှာ ဧည့်မထ ဆန်(မနောသုခ)(ဟောင်း)တစ် အိတ် ၆၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ် အိတ် ၁၂၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၃၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄၀၀၀ဝကျပ် နဲ့ ဖွဲနုတစ်အိတ် ၂၆၄၀၀ကျပ် တွေနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာ ၂၂ ရက်မှာတော့ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၆၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၂၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄၂၀၀ဝကျပ်နဲ့ ဖွဲနုတစ်အိတ် ၂၆၅၂၀ကျပ် တွေနဲ့ အသီးသီး အရောင်း အဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။


news-view-count-icon

23