back

ဆွာချောင်းတံတားGabion Box ကျောက်ဖြည့်မြေထိန်းနံရံ နှင့် တည်ဆောက်ရေးလုပ်ငန်း များ ၁၀၀ရာခိုင်နှုန်းပြီးစီး

Dec 21 • 2:12 PM

breaking-news

မြန်မာ

ပဲခူး

cover

ဆွာချောင်းတံတားGabion Box ကျောက်ဖြည့်မြေထိန်းနံရံ နှင့် တည်ဆောက်ရေးလုပ်ငန်း များ ၁၀၀ရာခိုင်နှုန်းပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ရေတာရှည်မြို့နယ် ရန်ကုန်-မန္တလေး (အမြန်လမ်း)ရှိ ဆွာချောင်းတံတား Gabion Box ကျောက်ဖြည့်မြေထိန်းနံရံ အပါအဝင် တည်ဆောက်ရေးလုပ်ငန်း များ ‎၁၀၀ရာခို...

ပဲခူးတိုင်းဒေသကြီး၊ရေတာရှည်မြို့နယ် ရန်ကုန်-မန္တလေး (အမြန်လမ်း)ရှိ ဆွာချောင်းတံတား Gabion Box ကျောက်ဖြည့်မြေထိန်းနံရံ အပါအဝင် တည်ဆောက်ရေးလုပ်ငန်း များ 

‎၁၀၀ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။အဆိုပါ ဆွာချောင်းတံတားသည် ၂၀၂၅ ခုနှစ် ဇွန်လအတွင်း တောင်တရုတ်ပင်လယ်ပြင်မှ ဝင်ရောက်ခဲ့သော မုန်တိုင်းမိုးများကြောင့် တံတား၏ ရန်ကုန်ဘက်ခြမ်းကမ်းကပ်ခုံရေတိုက်စားပျက်စီးခဲ့ရပြီး နိုင်ငံတော်ယာယီသမ္မတ၏ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးခရီးစဉ်တွင် “ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးရှိ ဆွာချောင်းတံတားသို့ ရေစီးကြောင်းမှန်ကန်စွာ စီးဆင်းစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန်” လမ်းညွှန်မှာကြားခဲ့ခြင်းအပေါ် ဆွာချောင်းရေတိုက်စားမှုကာကွယ်ရန်နှင့် တံတားအဝင်ရေလမ်းကောင်းမွန်စေရန်တို့အတွက် Gabion Box ကျောက်ဖြည့်မြေထိန်းနံရံ အလျား ပေ ၁၃၅၀ ၊ Steel Basket ရေကာအလျား ပေ ၉၀၀ နှင့် သုံးတန်းသွား မျောတိုင်တန်းရေကာ အလျား ပေ ၁၅၀ ၆ ခု တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အထွေထွေပိုလျှံရန်ပုံငွေ (GRF) ဖြင့် ၂၀၂၅ ခုနှစ် ဩဂုတ် ၈ ရက်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းသည် ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်သည်။



news-view-count-icon

25