back

မြစ်ကြီးနား - မန္တလေး လမ်းမကြီးပိတ်ထားသလို ကွင်းလမ်းတွေကလည်း သွားလို့မရတော့

Dec 21 • 8:43 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြစ်ကြီးနား - မန္တလေး လမ်းမကြီးပိတ်ထားသလို ကွင်းလမ်းတွေကလည်း သွားလို့မရတော့

မြစ်ကြီးနား - မန္တလေး ဗျူဟာလမ်းမကြီး ပိတ်ထားဆဲ ဖြစ်တဲ့အပြင် ရှောင်ကွင်းလမ်းတွေပါ သွားလာလို့ မရတော့တာကြောင့် ကုန်ကား ၊ကားကြီး ၊ ကားသေး အားလုံး ဖြတ်သန်းသွားလာခွင်...

မြစ်ကြီးနား - မန္တလေး ဗျူဟာလမ်းမကြီး ပိတ်ထားဆဲ ဖြစ်တဲ့အပြင် ရှောင်ကွင်းလမ်းတွေပါ သွားလာလို့ မရတော့တာကြောင့် ကုန်ကား ၊ကားကြီး ၊ ကားသေး အားလုံး ဖြတ်သန်းသွားလာခွင့် မရတော့ဘဲ ပိတ်မိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ မြစ်ကြီးနားကနေ ဆင်းလာတဲ့ ကားတွေကို ဘောရွာ နဲ့ လွှဲဆိပ်မှာ ပိတ်ထားပြီး မန္တလေးကနေ တက်လာတဲ့ ကားတွေကိုတော့ ကျေးရွာ အလိုက်မှာ ပိတ်ထားကြောင်း ၊ ကွင်းလမ်းတွေကိုလည်း.သွားခွင့်မပြုတဲ့ အခြေအနေရှိ နေတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၁၈ ရက်နေ့ အထိ ကျေးရွာချင်းဆက် ရှောင် ကွင်းလမ်းတွေကနေ ကားသေးတွေ ဖြတ်သန်း သွားလာလို့ ရခဲ့ပေမယ့် လက်ရှိမှာတော့ သွားလာခွင့် ပိတ်ထားတာကြောင့် ကားတွေအားလုံး ပိတ်မိနေပြီး ကားတချို့ နောက်ပြန်လှည့်မှု ရှိနေတယ်လို့ သိရပါတယ်။ မန္တလေး - မြစ်ကြီးနား လမ်းပိုင်းရှိ ရွှေဘို ၊ ခင်ဦး လမ်းပိုင်းမှာ ဒေသတွင်းအခြေနေမတည်ငြိမ်မှုများ ဖြစ်ပွားနေတဲ့အတွက် ဒီဇင် ဘာ ၈ ရက်ကတည်းက ဗျူဟာ လမ်းမကြီးကို သွားလာခွင့် ပိတ်ထားတာ ဖြစ်ပါတယ်။အဲဒီနောက်မှာ ကားသေးတွေကိုတော့ ကျေးရွာချင်းဆက် ရှောင်ကွင်းလမ်းတွေကနေ အကန့်အသတ်နဲ့ သွားလာခွင့် ပြုခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်ကစပြီး ကားသေးတွေကိုပါ ကွင်းလမ်းကနေ သွားခွင့် မပြုတော့တာကြောင့် အရေးကြီး ကိစ္စမရှိပါက လတ်တလောမှာ မန္တလေး - မြစ်ကြီးနား လမ်းပိုင်းကို ခရီးမသွားသင့်သေးကြောင်း ကားသမားတွေက အကြံပြု ပြောဆိုနေပါတယ်။


news-view-count-icon

30