back

ပြည်တွင်း၌ အာလူးစျေး အဆမတန် ကျသဖြင့် ပင်လောင်းတောင်သူများ အရှုံးပေါ်

Dec 21 • 8:20 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ အာလူးစျေး အဆမတန် ကျသဖြင့် ပင်လောင်းတောင်သူများ အရှုံးပေါ်

ယခုနှစ်တွင် သွင်းအားစု အဆမတန် စျေးတက်ပြီး အရင်းနှီးကြီးကာ လက်ရှိ၌ အာလူးစျေး အဆမတန် ကျခြင်းကြောင့် ပင်လောင်းတောင်သူများ အရှုံးပေါ်နေကြာင်း ဒေသခံများထံမှ သိရသည်။ယ...

ယခုနှစ်တွင် သွင်းအားစု အဆမတန် စျေးတက်ပြီး အရင်းနှီးကြီးကာ လက်ရှိ၌ အာလူးစျေး အဆမတန် ကျခြင်းကြောင့် ပင်လောင်းတောင်သူများ အရှုံးပေါ်နေကြာင်း ဒေသခံများထံမှ သိရသည်။ယခင်နှစ်တွင် အာလူးတစ်ပိဿာ ၆ ထောင်၊ ၇ ထောင်ကျပ်အထိ ရရှိသော်လည်း ယခုနှစ်တွင် ၂ ထောင်ကျပ် ဝန်းကျင်သာရှိသဖြင့် အရှုံးဖြင့် ရင်ဆိုင်နေရကြောင်း တောင်သူများက ပြောသည်။အာလူးစိုက်တာက အရင်းအနှီးများတယ်။ ရရင်လည်း များတယ်၊ အခုနှစ်က ဈေးမရှိတော့ အများကြီးရှုံးတယ်။ ဆေးဖျန်းဖိုးရော၊ ရေဖိုးရော၊ ပိုက်ဖိုးရော၊ မြေသြဇာဖိုးရော၊ လူငှားခရော အများကြီးကုန်ခဲ့တာ။ အခုဈေးမရှိဘူး၊ အာလူးက အကြာကြီး သိုလှောင်ထားလည်း မရတော့ အရှုံးနဲ့ပဲ ရောင်းကြရတာ များတယ်"ဟု ဒေသခံ တောင်သူတစ်ဦးက ဆိုသည်။ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ ကျေးရွာအများစုတွင် အာလူးကို အဓိက စိုက်ပျိုးကြခြင်း ဖြစ်သည်။ပင်လောင်းနှင့် နောင်တရားဒေသတွင် အာလူးကို မိုးရာသီတွင် တစ်ကြိမ်နှင့် နွေရာသီတွင် ရေသွင်းပြီး တစ်နှစ် ၂ ကြိမ် စိုက်ပျိုးကြကြောင်း တောင်သူများထံမှ သိရသည်။


news-view-count-icon

31