back

ဗင်နီဇွဲလား ရေနံတင်သင်္ဘော နောက်တစ်စီးကို အမေရိကန် သိမ်းပိုက်

Dec 21 • 7:44 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဗင်နီဇွဲလား ရေနံတင်သင်္ဘော နောက်တစ်စီးကို အမေရိကန် သိမ်းပိုက်

ဗင်နီဇွဲလားဆိပ်ကမ်းတွင် နောက်ဆုံး ဆိုက်ကပ်ထားခဲ့သော ရေနံတင်သင်္ဘောကို ဖမ်းဆီး သိမ်းပိုက်လိုက်ကြောင်း အမေရိကန်က ထုတ်ဖော်ပြောကြားပြီး ယင်းမှာ ဗင်နီဇွဲလားအစိုးရ အပ...

ဗင်နီဇွဲလားဆိပ်ကမ်းတွင် နောက်ဆုံး ဆိုက်ကပ်ထားခဲ့သော ရေနံတင်သင်္ဘောကို ဖမ်းဆီး သိမ်းပိုက်လိုက်ကြောင်း အမေရိကန်က ထုတ်ဖော်ပြောကြားပြီး ယင်းမှာ ဗင်နီဇွဲလားအစိုးရ အပေါ် တိုးမြှင့်ဖိအားပေးသော လုပ်ရပ် တစ်စိတ်တစ်ပိုင်းဖြစ်သည်။ရေနံတင်သင်္ဘောကို အမေရိကန် ကမ်းရိုးတန်းတပ်ဖွဲ့က ကာကွယ်ရေးဝန်ကြီး ဌာန၏ အကူအညီဖြင့် ဖမ်းဆီးသိမ်း ဆည်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ခရစ္စတီနိုအမ် က လူမှုမီဒီယာမှ ‌ကြေညာခဲ့သည်။ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်က ဗင်နီဇွဲလားကမ်းလွန်၌ ရေနံတင်သင်္ဘောတစ်စီးအား အလားတူ သိမ်းဆည်းခဲ့ပြီး နောက် ယခုတွင်လည်း ပိတ်ပင်ထားသော ရေနံတင် သ င်္ဘောတစ်စီးအား ထရန့်အစိုးရက ဒုတိယအကြိမ် ထပ်မံ သိမ်းဆည်းခြင်း ဖြစ်သည်။ဒေသတွင်းမှ မူးယစ်ဆေးဝါးဆက်စပ် အကြမ်းဖက် လုပ် ငန်းများကို ငွေကြေးထောက်ပံ့ရန် အသုံးပြုနေသော ပိတ် ပင်ထားသည့် ရေနံများ တရားမဝင် သယ်ယူပို့ဆောင်ခြင်းကို ဆက်လက် တားဆီးသွားမည် ဖြစ်ကြောင်း နိုအမ်က ပြောသည်။တားဆီး ပိတ်ပင်ထားသော ရေနံတင်သင်္ဘောများ အားလုံးကို ဗင်နီဇွဲလားနိုင်ငံသို့ ဝင်ထွက် သွားလာခြင်းများအား တားဆီး ပိတ်ဆို့သွားရန် သမ္မတထရန့်က အင်္ဂါနေ့တွင် အမိန့်ထုတ်ခဲ့သည်။အမေရိကန်အစိုးရ၏ လုပ်ရပ်ကို ရှုတ်ချသော ထုတ်ပြန်ချက်တစ်ခုကို ဗင်နီဇွဲလားအစိုးရက ယမန်နေ့တွင် ထုတ်ပြန်ခဲ့ကာ ယခုကဲ့သို့ ရေနံတင်သင်္ဘောများအား သိမ်းဆည်းရယူခြင်းမှာ ပင်လယ်ဓားပြမှုဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်သော လုပ်ရပ်ဖြစ်ကြောင်းနှင့် အမေရိကန်၏ လုပ်ရပ်များသည် ဥပဒေအရ ဘောင်မဝင် ကြောင်း နိုင် ငံတကာ အသိုင်းအဝိုင်းအား ပြသရန် လုပ်‌ဆောင်သွားမည် ဖြစ်ကြောင်း ပြောသည်။



news-view-count-icon

28