back

လီဗာပူးလ်တိုက်စစ်မှူး အီဆက်ခ် ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူရဖွယ်ရှိနေ

Dec 21 • 7:39 AM

breaking-news

မြန်မာ

ပြည်ပ

cover

လီဗာပူးလ်တိုက်စစ်မှူး အီဆက်ခ် ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူရဖွယ်ရှိနေ

လီဗာပူးလ်အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် တိုက်စစ်မှူး အီဆက်ခ်သည် စပါးအသင်းနှင့်ပွဲတွင် လူစားဝင်ကစားပြီး ဂိုးသွင်းယူစဉ် ပြိုင်ဘက်နောက်ခံလူနှင့် ထိခိုက်မိကာ...

လီဗာပူးလ်အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် တိုက်စစ်မှူး အီဆက်ခ်သည် စပါးအသင်းနှင့်ပွဲတွင် လူစားဝင်ကစားပြီး ဂိုးသွင်းယူစဉ် ပြိုင်ဘက်နောက်ခံလူနှင့် ထိခိုက်မိကာ ညာဘက်ဒူးဒဏ်ရာ ရရှိသွားခဲ့ခြင်းကြောင့် ကာလရှည်အနားယူရဖွယ် ရှိနေသည်။ အသင်းသို့ ပေါင် ၁၂၅ သန်းဖြင့် ရောက်ရှိလာပြီးနောက် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသည့် အသက် ၂၆ နှစ်အရွယ် အီဆက်ခ်သည် ယခုပွဲတွင် ဆေးအဖွဲ့အကူအညီဖြင့် ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့ရပြီး၊ ၎င်းသည် ယခုရာသီတွင် အသင်းအတွက် ပြိုင်ပွဲစုံ ၃ ဂိုးသာ သွင်းယူထားနိုင်သေးချိန်တွင် ယခုကဲ့သို့ ဒဏ်ရာထပ်မံရရှိခဲ့ခြင်းမှာ အသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။

news-view-count-icon

28