တောင်တရုတ်ပင်လယ်ပြင်မှ ဝင်ရောက်ခဲ့သော မုန်တိုင်းမိုးများကြောင့် ဆွာချောင်းတံတား၏ ရန်ကုန်ဘက်ခြမ်းကမ်းကပ်ခုံရေတို-က်စားပျ-က်စီးခဲ့သည့်ဖြစ်စဉ်ကြောင့် ရေတို-က်စားကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။အဆိုပါ လုပ်ငန်းများဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးခရီးစဉ်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့ခြင်း ဖြစ်သည်။



