နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီး၌ တရားဝင်လုပ်ကိုင်ခွင့်ပြုထားသော လုပ်ငန်းများအား အထောက်အထားမရှိဘဲကန့်ကွက်ပါက ဥပဒေအရအရေးယူသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးမှ အမိန့်ကြော်ငြာစာအမှတ် ၂၁၄/ ၂၀၂၅ ဖြင့် ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့သည်။လက်ရှိအချိန်၌ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် နေပြည်တော်ကောင်စီတို့၏ အခွင့်အာဏာအရလုပ်ကိုင်ခွင့်ပြုသည့်လုပ်ငန်းများ၊ စာချုပ်စာ တမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းများ၊ လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သောကိစ္စများအား အထောက်အထားခိုင်လုံမှုမရှိ၊ ပတ်သက်ဆက်နွှယ်မှုမရှိဘဲ ကန့်ကွက်ခြင်းများဖြစ်ပေါ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။



